ဝမ်ယိသည် တရုတ်နိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Nicolas Chapuis နှင့်တွေ့ဆုံ

(GMT+08:00)2022-06-29 16:47:42  

ဇွန်လ ၂၈ ရက်နေ့တွင် တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် တာဝန် သက်တမ်းပြီးဆုံးပြီး တရုတ်နိုင်ငံမှ ထွက်ခွာတော့မည့် တရုတ်နိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် Nicolas Chapuis နှင့်တွေ့ဆုံခဲ့သည်။

ဝမ်ယိက လွန်ခဲ့သည့်နှစ်များအတွင်း တရုတ်နှင့်ဥရောပသမဂ္ဂတို့သည် ပထဝီဝင် အမှတ်အသား ဆိုင်ရာ သဘောတူညီချက်ကိုရရှိခဲ့ပြီး၊ ဒစ်ဂျစ်တယ်နှင့်အစိမ်းရောင်ဆိုင်ရာ အဆင့်မြင့် ဆွေးနွေးမှုစနစ်ကို ထူထောင်ကာ တရုတ်-ဥရောပရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်ဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုကို ပြီးစီးခဲ့၍ အရေးကြီးသော ပူးပေါင်းဆောင်ရွက်မှုရလဒ်များ ရရှိခဲ့သည်ဟု ပြောကြားခဲ့သည်။

Nicolas Chapuis က ဥရောပ-တရုတ်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု အလားအလာ ကြီးမားကြောင်း၊ နှစ်ဖက်တွင် ကွဲလွဲမှုများရှိသော်လည်း ဘုံအကျိုးစီးပွားကို ရှာဖွေနိုင်ပြီး အပြန်အလှန် အကျိုးရှိစေသော ရလဒ်များရရှိနိုင်ကြောင်း ပြောကြားခဲ့သည်။