သီရိလင်္ကာသည် စွမ်းအင်ထောက်ပံ့ရေးရရှိရန် ရုရှားနှင့်ကာတာသို့ ဝန်ကြီးအဆင့် အရာရှိများစေလွှတ်

(GMT+08:00)2022-06-29 16:58:44  

ယခုလ ၂၈ ရက်နေ့က ကာတာနိုင်ငံ စွမ်အင်ရေးရာဝန်ကြီး စာဒါကာပီသည် မြို့တော် ဒိုဟာတွင် သီရိလင်္ကာနိုင်ငံ လျှပ်စစ်ဓါတ်အားနှင့် စွမ်းအင်ဝန်ကြီး ကန်ချာနာဗီခ်ျကီလာ နှင့်တွေ့ဆုံပြီး နှစ်ဖက်တို့သည် စွမ်းအင်ကိစ္စရပ်များကို အလေးထား ဆွေးနွေးခဲ့ကြောင်း၊ ကာတာဘက်သည် သီရိလင်္ကာနှင့် စွမ်းအင်ပူးပေါင်းဆောင်ရွက်မှု များကို တွန်းအားပေးမည်ဟု ပြောကြားခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

မကြာမီကာလက သီရိင်္လကာနိုင်ငံတွင် စီးပွါးရေးအကျပ်အတည်းများ ရင်ဆိုင်ခဲ့ရ သည့်အတွက် ဓါတ်ဆီ၊ ဒီဇယ်စသည့် လောင်စာဆီများ အကြီးအကျယ် ပြတ်လပ် နေကြောင်း၊ စွမ်းအင်များ ချွေတာရန် သီရိလင်္ကာအစိုးရအဖွဲ့သည် ဇွန်လ ၂၇ ရက်နေ့ ညသန်းခေါင်ချိန်မှ ဇူလိုင်လ ၁၀ ရက်နေ့အထိ အခြေခံဝန်ဆောင်မှုများအတွက်သာ လောင်စာဆီ များကို ထောက်ပံ့မည်ဟု ဆုံးဖြတ်ခဲ့ပြီး စွမ်းအင်ထောက်ပံ့ရေးရရှိရန် ရုရှားနှင့်ကာတာသို့ ဝန်ကြီး အဆင့် အရာရှိများကို စေလွှတ်ခဲ့ကြောင်း သိရပါသည်။