ရှီကျင့်ဖိန်က စပါးစိုက်ပျိုးသူကို စာပြန်ပြီး အားပေးခဲ့ပါသည်

(GMT+08:00)2022-06-29 16:54:34  

ဇွန်လ ၂၇ ရက်နေ့တွင် တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် အန်းဟွေးပြည်နယ် ထိုက်ဟို ခရိုင်ရှိ စပါးစိုက်ပျိုးသူ ရှီချုံးရှန်ကို စာပြန်ရေးရာတွင် ဒေသခံတို့အား နှုတ်ခွန်းဆက်သပြီး တရုတ်ပြည်တစ်ပြည်လုံးရှိ စပါးစိုက်ပျိုးသူများအပေါ် မျှော်လင့်ချက်များ ထားရှိကြောင်း ရေးသား ဖော်ပြပါသည်။

ရှီကျင့်ဖိန်က “ခင်ဗျားက အန်းဟွေးထိုက်ဟိုမှ စိုက်ပျိုးရေး ကျွမ်းကျင်သူ တစ်ဦး ဖြစ်သည်ကို ကျွန်တော် မှတ်မိပြီး ခင်ဗျားတို့မိသားစု စိုက်ထားတဲ့ ဂျုံစပါးများ အထွက်ကောင်းမွန်ပြီး ခင်ဗျားရဲ့ သားသမီးမြေးများကလည်း ခင်ဗျားနောက်လိုက်ပြီး စိုက်ပျိုးရေးလုပ်ကြတယ်ဆိုတာကို ကြားရသည့် အတွက် ကျွန်တော်က အလွန် ဝမ်းသာမိကြောင်း” ရေးသားပါသည်။

ရှီချုံးရှန်သည် အန်းဟွေးပြည်နယ် ထိုက်ဟိုခရိုင် ကျန်းဟွိုင်ကျေးရွာမှ ရွာသားတစ်ဦးဖြစ်ပါသည်။ ၄င်းက စိုက်ပျိုးရေးသိပ္ပံနည်းပညာများကို အာရုံစိုက် လုပ်ဆောင်ခဲ့ပြီး တရုတ်ပြည်လုံးဆိုင်ရာ စံပြ လုပ်သားနှင့် တရုတ်ပြည်လုံးဆိုင်ရာ စံပြစပါးစိုက်ပျိုးသူစသည့် ဂုဏ်ထူးဆောင်ဆုများကို ရရှိ ခဲ့ပါသည်။ ၂၀၁၁ ခုနှစ် ဧပြီလတွင် ရှီကျင့်ဖိန်သည် ကျန်းဟွိုင်ကျေးရွာကို လေ့လာ ကြည့်ရှုသည့် အချိန်တွင် ရှီချုံးရှန်နှင့် ရွာသားများထံမှ ဂျုံစိုက်ပျိုးခြင်းအကြောင်း မေးမြန်းလေ့လာခဲ့သည်။ ရှီချုံးရှန်သည် မကြာခင်က ရှီကျင့်ဖိန်ထံသို့ စာတစ်စောင်ကိုရေးသားပြီး လွန်ခဲ့သည့် ၁၀ နှစ် ကျော်အတွင်း စားနပ်ရိက္ခာထုတ်လုပ်ရေး၊ ပြည်သူများဆင်းရဲမှုလျှော့ချရေး စသည့် အကြောင်းနှင့် အတွေ့အကြုံ များကို ဖော်ပြရေးသားခဲ့ပါသည်။