တစ်ရက် ၁၄ နာရီကျော် မီးပြတ်သောကြောင့် ပါကစ္စတန် Karachi မြို့သူမြို့သားများ ဆန္ဒပြ

(GMT+08:00)2022-06-29 16:53:21  

အချိန်ရှည်ကြာစွာ မီးပြတ်မှုအပေါ် မကျေမနပ်ဖြစ်မိသောကြောင့် ယခုလ ၂၈ ရက်နေ့က ပါကစ္စတန်နိုင်ငံတောင်ပိုင်း Sindh ပြည်နယ် Karachi မြို့မှ မြို့သူမြို့သားများသည် လမ်းပေါ်ထွက်ပြီး ဆန္ဒပြခဲ့ကြသည်။ ပြီးခဲ့သည့် တစ်လကျော်အတွင်း Karachi ဒေသများစွာတွင် တစ်ရက်လျှင် ၁၄ နာရီမှ ၁၈ နာရီကြာ မီးပြတ်ခဲ့သည်။ ဆန္ဒပြသူများကြောင့် ယာဉ်ကြောပိတ်ဆို့မှုပြင်းထန်စွာ ဖြစ်ပွားခဲ့သဖြင့် ရဲများသည် မီးသတ်ပိုက်ဖြင့် ဆန္ဒပြသူများအား လူစုခွဲပြီး ဆန္ဒပြသူ ၄ ဦးကို ဖမ်းဆီးခဲ့သည်ဟု China Media Group မှ သတင်းအရ သိရသည်။