ဂျော်ဒန် အာကာပါဆိပ်ကမ်းတွင် အဆိပ်ဓါတ်ငွေ့ယိုထွက်ခြင်းကြောင့် လူ ၁၄ ဦး သေဆုံး၊ ၂၆၅ ဦးဒဏ်ရာရ

(GMT+08:00)2022-06-29 17:00:32  

ဇွန်လ ၂၇ ရက်နေ့က ဂျော်ဒန်ပြည်သူ့လုံခြုံရေးဌာနက ဂျော်ဒန်နိုင်ငံ တောင်ပိုင်း ဆိပ်ကမ်းမြို့ အာကာပါတွင် ထိုနေ့က ကွန်တိန်နာပေါက်ကွဲမှုနှင့် အဆိပ်ဓါတ်ငွေ့ယိုထွက်မှုကြောင့် လူ ၁၄ ဦးသေဆုံးပြီး ၂၆၅ ဦး ဒဏ်ရာရရှိကြောင်း ဖော်ပြသည်ဟု သတင်းအရ သိရပါသည်။

ဓါတ်ငွေ့သယ်ဆောင်သော ကွန်တိန်နာကို သင်္ဘောပေါ်သို့ သယ်ဆောင်ချိန်တွင် စက်ချို့ယွင်းမှုကြောင့်  ကွန်တိန်နာပြုတ်ကျ ပေါက်ကွဲကာ ဓါတ်ငွေ့ယိုထွက်သည်ဟု သိရပါသည်။