ရုရှား၏ အထူး စစ်ရေးဆောင်ရွက်မှု ပြီးဆုံးရန်အချိန်ကန့်သတ်ချက် မရှိဟု Peskov ဆို

(GMT+08:00)2022-06-29 16:55:45  

ဇွန်လ ၂၈ ရက်နေ့က ရုရှားသမ္မတပြန်ကြားရေးအတွင်းရေးမှူး ပေစ်ကိုဖ်က မီဒီယာများနှင့် တွေ့ဆုံရာတွင် ရုရှား၏ အထူး စစ်ရေးဆောင်ရွက်မှု  ပြီးဆုံးရန်အချိန်ကန့်သတ်ချက် မရှိကြောင်း ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

ယူကရိန်းသမ္မတ Zelensky ၏ ယခုဆောင်းရာသီတွင် တိုက်ပွဲများ အဆုံးသတ်မည့် အစီအစဉ်နှင့်ပတ်သက်၍ ပေစ်ကိုဖ်က ယူကရိန်း အမျိုးသားရေး ဝါဒီများအား လက်နက်ချစေပြီး ရုရှား၏ အခြေအနေများကို ဖြည့်ဆည်း ပေးနိုင်ပါက အထူးစစ်ရေးဆောင်ရွက်မှုသည် ထိုနေ့တွင်ပင် ပြီးဆုံးနိုင်သည်ဟု ပြောကြား ခဲ့ပါသည်။