ရှီကျင့်ဖိန်သည် ဝူဟန့်မြို့၌ လေ့လာ ကြည့်ရှု

(GMT+08:00)2022-06-29 15:21:13  

 

    တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၂၈ ရက်နေ့က ဟူပေပြည်နယ် ဝူဟန့်မြို့၌ လေ့လာကြည့်ရှုရာတွင် ကိုယ့်ကိုယ်ကိုယ် အားကိုးပြီး သိပံ္ပနည်းပညာ ဖွံ့ဖြိုး တိုးတက်ခြင်းသည် နိုင်ငံတော် ရှင်သန်ရေး၏ အခြေခံနှင့် လုံခြုံရေး၏ အခြေခံ ဖြစ်ကြောင်း၊ ဖွံ့ဖြိုးရေး အတွေးအခေါ်သစ်ကို ပြည့်စုံ၊ တိကျ၊ ဘက်စုံ ဖေါ်ဆောင်ပြီး ဆန်းသစ် တီထွင်ရေးဖြင့် ဖွံ့ဖြိုးမှု တိုးမြှင့်ရေး မဟာဗျူဟာကို လေးနက်စွာ ဖေါ်ဆောင်၍ သိပံ္ပ နည်းပညာကို ကိုယ့်လက်ထဲတွင် စွဲစွဲမြဲမြဲ ကိုင်ဆောင်ထားကာ၊ ကိုယ့်ကိုယ်ကိုယ် အားကိုးပြီး သိပံ္ပနည်းပညာ ဖွံ့ဖြိုး တိုးတက်ရေးတွင် ပိုမိုကြီးမားသော တိုးတက်မှုများကို ရရှိရမည် ဖြစ်ကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုယ်ပိုင်ဆုံးဖြတ်ခြင်းနှင့် လုံခြုံရေးကို အဆက်မပြတ် တိုးမြှင့်ပြီး ပိုမိုများပြားသော ဆန်းသစ်သည့် နည်းပညာနှင့် ဆန်းသစ်သည့် ကုန်ထုတ်လုပ်မှုများကို အကောင်အထည်ဖေါ်ဆောင်၍ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေး၏ နယ်ပယ်သစ်နှင့် ပြေးလမ်းသစ်များကို ဖွင့်လှစ်ကာ နိုင်ငံတကာ ယှဉ်ပြိုင်မှု ဆိုင်ရာ အားသာချက်အသစ်များကို ဖြစ်တည်စေရမည်ဖြစ်ကြောင်း အလေးထား ပြောကြား ခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။