တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနသည် တစ်ကမ္ဘာလုံးဖွံ့ဖြိုးရေးဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲ၏ အောင်ကျိုးရလဒ် နှစ်ခုကို မိတ်ဆက်

(GMT+08:00)2022-06-29 16:48:54  

ပြီးခဲ့သည့်သီတင်းပတ်က ကျင်းပခဲ့သော တစ်ကမ္ဘာလုံးဖွံ့ဖြိုးရေးဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲတွင် တရုတ်နိုင်ငံသည် "ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေ" နှင့် ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေးဗဟိုဌာနဟူသော အတွေးအဆအသစ်နှစ်ခုကို တင်ပြခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူကျောက်လိကျန်းက သက်ဆိုင်ရာမေးမြန်းချက်ကို ဖြေကြားရာတွင် တရုတ်အစိုးရသည် ဖွံ့ဖြိုးဆဲနိုင်ငံများ တစ်ကမ္ဘာလုံးဖွံ့ဖြိုးရေးကမ်းလှမ်းချက်နှင့် ဆက်တိုက် ဖွံ့ဖြိုးရေးအစီအစဉ်များကို အကောင်အထည်ဖော်ရန် ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ပူးပေါင်း ဆောင်ရွက်ရေးရန်ပုံငွေကို တစ်ကမ္ဘာလုံးဖွံ့ဖြိုးရေးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအကြားပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေအဖြစ်အဆင့်မြှင့်တင်ပြီး လက်ရှိအရင်းအနှီး အမေရိကန်ဒေါ်လာ ၃ ဘီလီယံကို အခြေခံပြီး အမေရိကန်ဒေါ်လာ ၁ ဘီလီယံကို ထပ်မံတိုးမြှင့်ရန် ဆုံးဖြတ်ခဲ့ကြောင်း ပြောကြားပါသည်။