အချုပ်အခြာအာဏာဆိုင်ရာနှင့် အစိုးရပိုင်း သဘောတူညီမှုများကို ထိုင်ဝမ်နှင့် လက်မှတ်ရေးထိုးချုပ်ဆိုမှု စေ့စပ် ဆွေးနွေးမှုများ ရပ်တန့်ရန် အမေရိကန်အား တိုက်တွန်း

(GMT+08:00)2022-06-29 17:06:29  

 

အမေရိကန်နှင့် ထိုင်ဝမ်တို့သည် “၂၁ ရာစုနှစ် ကုန်သွယ်ရေး အဆိုပြုချက်” စေ့စပ် ဆွေးနွေးပွဲ ကျင်းပခြင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေး ဆိုခွင့်ရှိသူ ကျောက်လိကျန်းက ယမန်နေ့ ၂၈ ရက်နေ့က ကျင်းပခဲ့သော ပုံမှန် သတင်းစာ ရှင်းလင်းပွဲ၌ အချုပ်အခြာအာဏာဆိုင်ရာနှင့် အစိုးရပိုင်း သဘောတူညီမှုများကို အမေရိကန်နှင့် ထိုင်ဝမ်တို့ လက်မှတ်ရေးထိုးချုပ်ဆိုမှု စေ့စပ်ဆွေးနွေးမှုများကို ရပ်တန့်ပြီး ထိုင်ဝမ် သီးခြားတည်ရှိရေး အင်အားစုများအား မှားယွင်းသော အချက်မပြရန် တိုက်တွန်းခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။