ယခုလ ၂၈ ရက်နေ့က တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဟူပေပြည်နယ် ဝူဟန့်မြို့ရှိ ကြည့်ယွမ့် လူနေရပ်ကွက်သို့ သွားရောက် လေ့လာကြည့်ရှုခဲ့ပါသည်။
ကြည့်ယွမ့် လူနေရပ်ကွက်သည် နိုင်ငံတော်ပိုင် ကုမ္ပဏီတစ်ခု၏ ဟောင်းနွမ်း အအောက်အအုံများကို ပြန်လည် တည်ဆောက်ထားသည့် လူနေရပ်ကွက်တစ်ခု ဖြစ်ပါ သည်။ ယင်းလူနေရပ်ကွက်သည် သက်ကြီးရွယ်အိုများအား ဝန်ဆောင်မှုပေးရေး အသွင် ပုံစံကို ဆန်းသစ်တီထွင်ပြီး ကုန်ထုတ်လုပ်မှု နာလန်ပြန်ထူရေးနှင့် ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်ရေးကို တစ်ပြိုင်တည်း စနစ်တကျ လုပ်ဆောင်နေပါသည်။