အိန္ဒိယနိုင်ငံ မွမ်ဘိုင်းတွင် တိုက်အိမ်ပြိုကျခြင်းကြောင့် လူ ၁၉ ဦးသေဆုံး

(GMT+08:00)2022-06-29 17:01:25  

ယခုလ ၂၇ ရက်နေ့ ည ၁၁နာရီ ၃၀ မိနစ် ပတ်ဝန်းကျင်က အိန္ဒိယနိုင်ငံ မွမ်ဘိုင်း ခုအယ်လ်ရပ်ကွက်တွင် ၄ ထပ်တိုက်အိမ် ပြိုကျမှု ဖြစ်ပွားခဲ့သည်။ အိန္ဒိယ နယူးဒေလီရုပ်မြင်သံကြားဌာန၏ ထုတ်ပြန်ချက်အရ ယင်းဖြစ်ရပ်ကြောင့် လူ ၁၉ ဦး သေဆုံးပြီး  ၆ ဦး ဒဏ်ရာရရှိခဲ့သည်။

ယခု မွမ်ဘိုင်းမြို့တွင် မိုးရာသီဖြစ်ပြီး အချို့တိုက်အိမ်များသည် အချိန်ကြာရှည်စွာ ပျက်စီးနေမှုများကြောင့် နှစ်တိုင်း မိုးရာသီ၌ မွမ်ဘိုင်းတွင် တိုက်အိမ်ပြိုကျမှုများ ဖြစ်ပွားတတ်သည်ဟု သိရသည်။