နယ်စပ်ဖြတ်ကျော် အခြေခံအဆောက်အအုံတည်ဆောက်ခြင်းသည် ကွမ်တုန်း-ဟောင်ကောင်-မကာအို၊ “တစ်နာရီကြာ နေထိုင်မှုစက်ဝိုင်း” ဖွဲ့စည်းခြင်းကို အထောက်အကူပြု

(GMT+08:00)2022-06-29 17:05:30  

 ဟောင်ကောင်ဒေသ အမိနိုင်ငံရင်ခွင်သို့ ပြန်လည်ရောက်ရှိလာပြီးနောက် ဟောင်ကောင်-ကျူးဟိုင်- မကာအို တံတားကြီး၊ ကွမ်တုန်း-ရှင်းကျင့်-ဟောင်ကောင် အမြန်နှုန်းရထားလမ်း၊ လျန်ထန်-ရှန်းယွမ်ဝေ ဂိတ် အပါအဝင် နယ်စပ်ဖြတ်ကျော် အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်းသည် ကွမ်တုန်း-ဟောင်ကောင်-မကာအို “တစ်နာရီကြာ နေထိုင်မှုစက်ဝိုင်း” ဖွဲ့စည်းခြင်းအတွက် အထောက်အကူ ပြုလိုက်ပါသည်။

ဟောင်ကောင်-ကျူးဟိုင်-မကာအိုတံတားကြီးသည် စုစုပေါင်းအရှည် ၅၅ ကီလိုမီတာခန့်ရှိပြီး ကမ္ဘာပေါ်တွင် အရှည်ဆုံး ပင်လယ်ဖြတ်ကျော် တံတားကြီးဖြစ်ပါသည်။ ၂၀၁၈ ခုနှစ် အောက်တိုဘာလက အဆိုပါတံတားကို တရားဝင်ဖွင့်လှစ်ပြီးနောက် ဟောင်ကောင်မှ ကျူးဟိုင်နှင့် မကာအိုသို့ သွားရန် အချိန် ၃ နာရီမှ ၄၅ မိနစ်ခန့်အထိ တိုတောင်းစေခဲ့ပါသည်။

၂၀၁၈ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့က ကွမ်တုန်း-ရှင်းကျင့်-ဟောင်ကောင် အမြန်နှုန်း ရထားလမ်း၏ ဟောင်ကောင်အပိုင်းကို တရားဝင်ဖွင့်လှစ်ခဲ့သည့်အတွက် ဟောင်ကောင်မှ ရှင်းကျင့် မြောက်ဘူတာရုံသို့ သွားရန် အချိန်  ၁၉ မိနစ်သာလိုအပ်ပြီး ဟောင်ကောင်မှ ကွမ်ကျူးသို့ သွားရန် အချိန် ၄၇ မိနစ်ခန့်သာ လိုအပ်တော့သည်။