တရုတ်ကွန်မြူနစ်ပါတီ ၁၈ ကြိမ်မြောက် ညီလာခံ ကျင်းပခဲ့သည့်နောက်ပိုင်း ပြည်သူ့ကွန်ဂရက်စနစ် ပိုမို ရင့်ကျက် ခိုင်မာလာ

(GMT+08:00)2022-06-29 17:08:00  

ဇွန်လ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ ပြန်ကြားရေးဝန်ကြီးဌာနသည် “တရုတ်ပြည်၏ ဤဆယ်နှစ်”ဆိုင်ရာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာ ခေတ်သစ်တွင် တရုတ်ပြည်သူ့ကွန်ဂရက်စနစ်ကို စွဲကိုင်ရေးနှင့် ပိုမိုကောင်းမွန် ပြည့်စုံစေရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများနှင့် အောင်ကျိုး ရလဒ်များကို ရှင်းလင်း ပြောကြားခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ ၁၈ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ ကျင်းပခဲ့သည့်နောက်ပိုင်း ပြည်သူ့ကွန်ဂရက်စနစ်သည် ပိုမို ရင့်ကျက် ခိုင်မာလာကြောင်း ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဒုအတွင်းရေးမှူးချုပ် ဝမ်တျယ်မင်က ပြောကြားသည်။