ရှီကျင့်ဖိန်သည် ဝူဟန့်မြို့ ဟွာကုန် လေဆာ အင်ဂျင်နီယာ ကော်ပိုရေးရှင်း၌ လေ့လာ ကြည့်ရှု

(GMT+08:00)2022-06-29 15:18:38  

    ယခုလ ၂၈ ရက်နေ့က တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဟူပေပြည်နယ် ဝူဟန့်မြို့ ဟွာကုန် လေဆာ အင်ဂျင်နီယာ ကော်ပိုရေးရှင်း၌ လေ့လာကြည့်ရှုခဲ့ပါသည်။

   ဝူဟန့် ဟွာကုန် လေဆာ အင်ဂျင်နီယာ ကော်ပိုရေးရှင်းသည် ၁၉၉၇ ခုနှစ်က တည်ထောင်ခဲ့ခြင်းဖြစ်ပြီး လေဆာလုပ်ငန်းတွင် အရေးကြီး လုပ်ငန်းစဉ်များနှင့် အရေးကြီး သိပံ္ပနည်းပညာစီမံကိန်းများ လေ့လာဖေါ်ထုတ်ရေး လုပ်ငန်းတာဝန်ကို ထမ်းဆောင် နေသည်ဟု China Media Group မှ သတင်းအရ သိရပါသည်။