အမေရိကန်တွင် ရထားတစ်စင်း ထရပ်ကားနှင့်တိုက်မိခဲ့ပြီး လမ်းချော်၊ လူအများအပြား သေဆုံးပြီး အနည်းဆုံး လူ ၅၀ ဒဏ်ရာရရှိ

(GMT+08:00)2022-06-28 13:09:58  

ဒေသစံတော်ချိန် ယခုလ ၂၇ ရက်နေ့က အမေရိကန်တွင် လော့စ်အိန်ဂျလိစ်မြို့မှ ချီကာဂိုသို့သွားသည့် ရထားတစ်စင်းသည် မစ်ဇူရီပြည်နယ်မန်ဒန်မြို့အနီးရှိ လမ်းဆုံ တစ်ခုသို့ ရောက်ရှိချိန်တွင် ထရပ်ကားတစ်စီးနှင့်တိုက်မိပြီးနောက် လမ်းချော် သွားခဲ့ကြောင်း၊ အဆိုပါ မတော်တဆမှုသည် အမေရိကန်အလယ်ပိုင်း စံတော်ချိန် ၁၂ နာရီ ၄၂ မိနစ်တွင် ဖြစ်ပွားပြီး ရထားပေါ်တွင် ခရီးသည် ၂၄၃ ဦးနှင့် ဝန်ထမ်း ၁၂ ဦး ပါရှိကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

ရထားလမ်းချော်ပြီးနောက် လူအများအပြားသေဆုံးပြီး အနည်းဆုံး လူ ၅၀ ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံကယ်ဆယ်ရေးဝန်ဆောင်မှုစင်တာမှ တာဝန်ခံက ပြောကြားခဲ့သည်။