အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဆန်အန်တိုနီယိုမြို့တွင် တရားမဝင် ရွှေ့ပြောင်း နေထိုင်သူ ၄၀ ကျော်၏ အလောင်းများကို တွေ့ရှိ

(GMT+08:00)2022-06-28 11:04:07  

ဇွန်လ ၂၇ ရက်နေ့က အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်ဆန်အန်တိုနီယိုမြို့ ဆင်ခြေဖုံးဒေသမှ စွန့်ပစ်ထားသော နောက်တွဲကားတစ်စီးအတွင်း  တရားမဝင် ရွှေ့ပြောင်း နေထိုင်သူ ၄၀ ကျော်၏ ရုပ်အလောင်းများကို တွေ့ရှိခဲ့ကြောင်း၊ လူ ၁၂ ဦးကျော်ကို အသက်ရှင်လျက် တွေ့ရှိပြီး ဆေးရုံများသို့ ပို့ဆောင်ခဲ့ကြောင်း၊ သေဆုံးသူ အားလုံးသည် အမေရိကန်နိုင်ငံသို့ တရားမဝင် ဝင်ရောက် လာခြင်းဖြစ်ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။