BRICS နိုင်ငံ ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲတွင် စီးပွားကုန်သွယ်ရေး အောင်ကျိုးရလဒ် များစွာ ရရှိ

(GMT+08:00)2022-06-28 13:17:53  

မကြာခင်က BRICS နိုင်ငံထိပ်သီးခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲတွင် “BRICS နိုင်ငံများ ဒီဂျစ်တယ် စီးပွားရေး မိတ်ဖက် ဆက်ဆံမှု မူဘောင်” ကို စစ်ဆေး အတည်ပြုခဲ့သည်။ တရုတ် ကုန်သွယ်ရေးဝန်ကြီးဌာန နိုင်ငံတကာရေးရာ ဦးစီးဌာနမှ သက်ဆိုင်ရာ တာဝန်ခံ တစ်ဦးက ၄င်းမူဘောင်တွင် BRICS နိုင်ငံများ၏ ဒီဂျစ်တယ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေးနှင့် ပတ်သက်၍ အရေးကြီး သဘောတူညီမှုရရှိပြီး BRICS နိုင်ငံများ၏ ဒီဂျစ်တယ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဖြစ်စဉ်သစ်ကို ဖွင့်လှစ်ကြောင်း ပြောကြားသည်။

ထို့အပြင် ၄င်းတွေ့ဆုံဆွေးနွေးပွဲတွင် “BRICS နိုင်ငံများ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေးနှင့် ဆက်တိုက် ဖွံ့ဖြိုးတိုးတက်ရေး ကမ်းလှမ်းချက်” ကို ကမကထပြုခဲ့သည်။ ယင်းနှင့်ပတ်သက်၍ ၄င်းတာဝန်ခံက ၄င်းကမ်းလှမ်းချက်သည် မြစိမ်းရောင် ပုံစံသို့ ပြောင်းလဲခြင်းအတွက် အကျိုးရှိသော ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေး ပတ်ဝန်းကျင်ကို တည်ဆောက်ရန် တွန်းအားပေးပြီး ဆက်တိုက် ဆောင်ရွက်နိုင်သော၊ ညီမျှသော၊ ဘက်ပေါင်းစုံ ပါဝင်မှု ရှိသော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကိုလည်း တွန်းအားပေးမည် ဖြစ်ကြောင်း ပြောကြားသည်။