တရုတ်-ဂိုင်ယာနာသံတမန်အဆက်အသွယ်ထားရှိသည့် နှစ် ၅၀ ပြည့်မြောက်နှစ်အတွက် ရှီကျင့်ဖိန်နှင့် ဂိုင်ယာနာသမ္မတအာလီတို့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာအပြန်အလှန် ပေးပို့

(GMT+08:00)2022-06-28 10:29:57  

တရုတ်-ဂိုင်ယာနာ နှစ်နိုင်ငံသံတမန်အဆက်အသွယ်ထားရှိသည့် နှစ် ၅၀ ပြည့် မြောက်နှစ်အတွက် ဇွန်လ ၂၇ ရက်နေ့က တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်နှင့်  ဂိုင်ယာနာသမ္မတအာလီတို့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာအပြန်အလှန် ပေးပို့ခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်က သံတမန်အဆက်အသွယ် ထားရှိသည့် နှစ် ၅၀ အတွင်း တရုတ်-ဂိုင်ယာနာဆက်ဆံမှု လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာကြောင်း၊ နှစ်ဖက် အကြား အပြန်အလှန် နိုင်ငံရေးယုံကြည်မှု နက်ရှိုင်းလာပြီး လက်တွေ့ကျသော ပူးပေါင်း ဆောင်ရွက်ရေး အကျိုးသက်ရောက်မှုများ ထင်ရှားပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွား လာသည့်နောက်ပိုင်း နှစ်နိုင်ငံပြည်သူများသည် ဖေးမကူညီကြပြီး နှစ်ဖက် ချစ်ကြည်ရေးသည် အခန်းကဏ္ဍသစ်သို့ ရောက်ရှိပါကြောင်း၊ မိမိအနေနှင့် တရုတ်-ဂိုင်ယာနာဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေးကို အလွန် အလေးထားကြောင်း၊ သံတမန် အဆက်အသွယ် ထားရှိသည့် နှစ် ၅၀ ပြည့်မြောက်နှစ်ကို အခွင့်ကောင်းအဖြစ်ထားပြီး တရုတ်-ဂိုင်ယာနာ ဆက်ဆံမှု အဆက်မပြတ် တိုးတက်ရန်နှင့် နှစ်နိုင်ငံ၊ နှစ်နိုင်ငံ ပြည်သူများ အတွက် အကျိုးဆောင်ရန် သမ္မတအာလီနှင့်အတူ လက်တွဲကြိုးပမ်း ဆောင်ရွက်လိုကြောင်း ဖေါ်ပြပါသည်။

သမ္မတအာလီက ဂိုင်ယာနာနိုင်ငံသည် အင်္ဂလိပ်ဘာသာစကားသုံး ကာရေဘီယံဒေသတွင် တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံမှု ဦးစွာထားရှိပြီး တရုတ်ပြည် တစ်ပြည်တည်းသာရှိရေး မူဝါဒကို စွဲကိုင်ကြောင်း၊ နှစ် ၅၀ အတွင်း နှစ်နိုင်ငံတို့သည် အပြန်အလှန် လေးစားပြီး တန်းတူရည်တူ အပြန်အလှန် အကျိုးရှိစေကာ ချစ်ကြည်ရေး အစဉ်အလာသည် ပိုမိုခိုင်ခံ့ လာကြောင်း၊ ဂိုင်ယာနာနိုင်ငံသည် သံတမန်အဆက်အသွယ်ထားရှိသည့် နှစ် ၅၀ ပြည့်မြောက်နှစ်ကို အခွင့်ကောင်းအဖြစ်ထားပြီး နှစ်နိုင်ငံချစ်ကြည်ရေး ပိုမိုနက်ရှိုင်းလာအောင် ဆောင်ရွက်လိုကြောင်း ဖေါ်ပြပါသည်။