အီရန်နျူကလီးယား ဆွေးနွေးပွဲ ပြန်စမည်ဖြစ်ပြီး အီရန်က အမေရိကန်နှင့် တိုက်ရိုက် ဆွေးနွေးမည်မဟုတ်

(GMT+08:00)2022-06-28 12:52:06  

အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Khatib Zad က ယခုအကြိမ် အစည်းအဝေးကို ယခုအပတ်အတွင်း ကျင်းပမည်ဖြစ်ပြီး အီရန်အပေါ် အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုများ ရုပ်သိမ်းရေးနှင့် ပတ်သက်၍ ကျန်ရှိသော အဓိက ကွဲလွဲချက်များကို ဖြေရှင်းရန် ရည်ရွယ်ထားကြောင်း၊ ဥရောပသမဂ္ဂသည် ညှိနှိုင်းသူအဖြစ် အီရန်နှင့် အမေရိကန်တို့နှင့် အသီးသီး ဆွေးနွေးတိုင်ပင်မည်ဖြစ်ပြီး အီရန်နှင့် အမေရိကန်တို့အကြား တိုက်ရိုက်စေ့စပ်ဆွေးနွေးမည်မဟုတ်ကြောင်း၊ ဘက်အသီးသီးတို့သည် သက်ဆိုင်ရာ သဘောတူညီချက်များ၏ စာသားအကြောင်းအရာ များကို သဘောတူညီမှု ရရှိထားပြီဖြစ်ပြီး အမေရိကန်ကလည်း အီရန်နျူကလီးယား သဘောတူညီချက်အတိုင်း ၎င်း၏ တာဝန်များကို ကျေပွန်စေရန်နှင့် အီရန်၏ စီးပွားရေး အကျိုးစီးပွားများကို အာမခံပေးရန် ကတိပြုထားသော်လည်း အမေရိကန်အား မယုံကြည် နိုင်စရာများကြောင့် နောက်နောင်တွင် အမေရိကန်၏ တိကျသည့်လုပ်ဆောင်မှုများကို စောင့်ကြည့်ရန် လိုအပ်သေးကြောင်း ပြောကြားခဲ့သည်ဟု အီရန်မီဒီယာများမှ သတင်း ရရှိပါသည်။