၇ နိုင်ငံအုပ်စု၏ အချို့နိုင်ငံများသည် ရုရှားမှ ရွှေသွင်းခြင်းကို တားမြစ်ရန် စီစဉ်

(GMT+08:00)2022-06-28 13:25:58  

၇ နိုင်ငံ အုပ်စု ထိပ်သီးအစည်းအဝေးကျင်းပရာတွင် ဇွန်လ ၂၆ ရက်နေ့က ဗြိတိန်၊ အမေရိကန်၊ ဂျပန်နှင့် ကနေဒါသည် ရုရှားကို တစ်ဆင့်တိုး ပိတ်ဆို့ရန် ရုရှားမှ ရွှေသွင်းခြင်း တားမြစ်ရန် သဘောတူညီချက်ရရှိကြောင်း၊ ယင်းရွှေတင်သွင်းခြင်း တားမြစ်မှုသည် ရုရှား၏ နိုင်ငံခြားငွေရရှိရေးကို ထိခိုက်မည်ဟု အမေရိကန်က ဖော်ပြကြောင်း သတင်းအရ သိရပါသည်။

ဒေသစံတော်ချိန် ယခုလ ၂၇ ရက်နေ့တွင် ရုရှားသမ္မတ၏ သတင်းရေးရာ အတွင်းရေးမှူး ဖေစ်ကိုဖက အဖိုးတန်သတ္တုဈေးကွက်သည် ကမ္ဘာအနှံ့တွင် ရှိပြီး မျိုးစုံ ဈေးကွက် ဖြစ်ကြောင်း ပြောကြားခဲ့သည်။