ဂျီ-၇ အုပ်စုထိပ်သီးအစည်းအဝေးတွင် လုပ်ဆောင်မှုထက် ပြသမှု ပိုများကြောင်း ဝေဖန်မှု ရှိပြီး ဂျာမဏီ၌ ဆန္ဒပြမှုများ ဆက်လက် ပြုလုပ်နေ

(GMT+08:00)2022-06-28 10:31:02  

ဒေသစံတော်ချိန် ဇွန်လ ၂၇ ရက်နေ့က ဂျီ-၇ အုပ်စုထိပ်သီးအစည်းအဝေးကို ဂျာမဏီနိုင်ငံ၌ ဆက်လက်ကျင်းပပြီး  ယင်းထိပ်သီးအစည်းအဝေးကို ဆန့်ကျင်သော ဆန္ဒပြပွဲလည်း ဆက်လက် ကျင်းပနေသည်။

      နိုင်ငံအသီးသီးတို့ ယူကရိန်းနိုင်ငံအား လက်နက်များ ဆက်တိုက် ထောက်ပံ့ပေးခြင်းသည် အငြင်းပွားမှုကို ဆိုးဝါးစေပြီး အကျပ်အတည်းကို အဆင့်တိုးစေမည်ဖြစ်ကြောင်း ဆန္ဒပြသူ များက ယူဆကြသည်။

       နိုင်ငံတကာတွင် ဖြစ်ပေါ်နေသည့် အလွန်အမင်း ဆင်းရဲမှုကို ကိုင်တွယ်ဖြေရှင်းရန် ပန်ကြားသော လူမှု လှုပ်ရှားမှုဆိုင်ရာပုဂ္ဂိုလ်တစ်ဦးက ကိုဗစ်-၁၉ ရောဂါ၊ စားနပ်ရိက္ခာ ပြဿနာနှင့် ရာသီဥတု ပြောင်းလဲမှုသည် နိုင်ငံတကာမိသားစုကြီးဖြေရှင်းရန် အလိုအပ်ဆုံး ပြဿနာ ၃ ခုဖြစ်ပေမဲ့ ဂျီ-၇ အုပ်စုသည် ၄င်းတို့ကို မိနစ် ၉၀ ကြာသာဆွေးနွေးကြောင်း၊ ယခုအကြိမ် ထိပ်သီးအစည်းအဝေးတွင်  လုပ်ဆောင်မှုထက် ပြသမှု ပိုများပြီး ပြဿနာကို ဖြေရှင်းရန် တိကျသေချာသောနည်းလမ်းများ ရှာကြံခြင်း မရှိကြောင်း ပြောကြားသည်။