အမေရိကန်အား ဆင်းရဲမှု ပြဿနာကို အလေးထားရန် တရုတ် တိုက်တွန်း

(GMT+08:00)2022-06-28 13:17:04  

ယခုလ ၂၇ ရက်နေ့တွင် တရုတ်ကိုယ်စားလှယ်က ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အကြိမ် ၅၀ မြောက် အစည်းအဝေးတွင် ဆင်းရဲမှု ပြဿနာဆိုင်ရာ အထူး အစီရင်ခံသူနှင့် ဆွေးနွေးပြီး မိန့်ခွန်း ပြောကြားရာတွင် လူမှုရေး အာမခံပေးမှုသည် ပြည်သူတို့၏ စားဝတ်နေရေးကို အာမခံပေးရေးနှင့် ကောင်းမွန်စေရေးအတွက်ရော၊ လူမှုရေး တရားမျှတမှုကို ထိန်းသိမ်းကာကွယ်ရေး အတွက်ရော၊ ပြည်သူတို့၏ ချမ်းသာသုခကို တိုးပွားစေရေး အတွက်ပါ အရေးကြီးသည့် အနက်အဓိပွါယ် ရှိကြောင်း ပြောကြားသည်။

၎င်းကိုယ်စားလှယ်က ကိုဗစ် ၁၉ ကပ်ရောဂါသည် အမေရိကန် ဦးဆောင်သော အနောက် နိုင်ငံများတွင် နှစ်ရှည်လများ တည်ရှိသော ဆင်းရဲမှုနှင့် တန်းတူညီမျှမှု မရှိခြင်း ပြဿနာများကို သိသာစွာ ပေါ်လွင်လာစေကြောင်း၊ အမေရိကန်အား ဆင်းရဲမှု ပြဿနာ ဖြေရှင်းရေးကို အလေးထားပြီး ဆင်းရဲသူများ၏ အသက်ရှင်နေထိုင်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ပိုင်ခွင့်နှင့် လူမှုရေး အာမခံမှု တန်းတူညီမျှစွာ ရရှိပိုင်ခွင့်ကို ထိရောက်တိကျစွာ ထိန်းသိမ်းကာကွယ်ရန် တိုက်တွန်းကြောင်း ပြောကြားသည်။