G-7 သည် နိုင်ငံတကာမိသားစုကြီးကို ကိုယ်စားမပြုနိုင်ကြောင်း ဂျာမဏီ ပြည်ထောင်စု လွှတ်တော်အမတ် ဆို

(GMT+08:00)2022-06-28 12:51:21  

G-7 ထိပ်သီးအစည်းအဝေးကို ဂျာမဏီ တောင်ပိုင်း Bavaria ပြည်နယ်ရှိ Garmisch-Partenkirchen တွင် ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ ကျင်းပခဲ့သည်။ ဂျာမဏီ ပြည်ထောင်စု လွှတ်တော် အမတ် Sevim Dadelen သည် ဇွန်လ ၂၇ ရက်နေ့တွင် ဆင်ဟွာ သတင်းဌာနမှ သတင်းထောက်နှင့်တွေ့ဆုံရာတွင် ခေတ်မမီတော့သော G-7 အုပ်စုသည် ချမ်းသာသော အနောက်နိုင်ငံများ၏ ထိပ်တန်းကလပ်တစ်ခုသာဖြစ်ပြီး နိုင်ငံတကာ မိသားစုကြီးကို ကိုယ်စားမပြုနိုင်ကြောင်း၊ ကမ္ဘာကို ကိုယ်စားပြုနိုင်သည်ကို ယူဆသည့် G-7 အုပ်စုသည် စီးပွားရေးကို လက်နက်အဖြစ် အသုံးပြုပြီး ဖွံ့ဖြိုးဆဲနိုင်ငံများကို ဖယ်ထုတ်ကာ ကမ္ဘာကို အမိန့်ပေးရန်ကြိုးပမ်းနေကြောင်း၊ သို့သော် အမှန်တကယ်တွင် ငတ်မွတ်မှု၊ ရာသီဥတုပြောင်းလဲမှုနှင့် ယူကရိန်းအကျပ်အတည်းကဲ့သို့သော အရေးကြီးသော ပြဿနာ များကို ကိုင်တွယ်ဖြေရှင်းရန် တစ်ကမ္ဘာလုံး ပူးပေါင်းဆောင်ရွက်မှုများကို လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။