ဂျပန်နိုင်ငံ၏ ဇွန်လအပူချိန်သည် ၄၀ ဒီဂရီစင်တီဂရိတ်သို့ ပထမဆုံးအကြိမ် ကျော်လွန်၊ တိုကျိုလျှပ်စစ်ဓာတ်အား မလုံလောက်

(GMT+08:00)2022-06-28 11:05:00  

ဂျပန်နိုင်ငံ၊ Gunma စီရင်စု၊ Isesaki မြို့၌ ဇွန်လ ၂၅ ရက်က အမြင့်ဆုံး အပူချိန်သည် ၄၀.၂ ဒီဂရီစင်တီဂရိတ်သို့ ရောက်ရှိခဲ့ပြီး ဇွန်လတွင် ဂျပန်နိုင်ငံ၌ ပထမဆုံးအကြိမ် အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ကို ကျော်လွန်ခဲ့ခြင်းဖြစ်ကြောင်း၊ ၂၇ ရက်နေ့တွင် တိုကျိုမြို့နှင့် အနီးတစ်ဝိုက်ဒေသတွင် လျှပ်စစ်ဓါတ်အား မလုံလောက်သည့် အကြောင်းကို ဂျပန် အစိုးရက ၂၆ ရက်နေ့တွင် သတိပေးချက်ထုတ်ပြန်ခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။