အမေရိကန်သည် ပိုလန်နှင့် ဘောလ်တစ်ပင်လယ်နိုင်ငံများတွင် အမြဲ တပ်စွဲမည်ဟု စီစဉ်

(GMT+08:00)2022-06-28 13:36:55  

ဥရောပတွင် နေတိုးထိပ်သီးများအစည်းအဝေးသို့ တက်ရောက်မည့် အတောအတွင်း အမေရိကန်သမ္မတဘိုင်ဒင်သည် ပိုလန်နိုင်ငံတွင် အမေရိကန်မှ တပ်စွဲရေးအချိန် တိုးမြှင့်ပေးပြီး ဘောလ်တစ်ပင်လယ်နိုင်ငံများတွင် တပ်စွဲမှုဗျူဟာကို ပြောင်းလဲမည်ဟု ကြေညာ သွားဖွယ်ရာရှိကြောင်း အမေရိကန်အရာရှိများက ဒေသစံတော်ချိန် ယခုလ ၂၇ ရက်နေ့က ဖော်ပြခဲ့ကြသည်ဟု China Media Group မှ သတင်းအရ သိရသည်။