ကိဗ်မြို့ရှိ လူနေအဆောက်အအုံတစ်ခု ဒုံးကျည်ဖြင့် တိုက်ခိုက်မှုခံရ

(GMT+08:00)2022-06-28 13:10:39  

ယခုလ ၂၆ ရက်နေ့က ကိဗ်မြို့ရှိ လူနေအဆောက်အအုံ တစ်ခုသည် ဒုံးကျည်တိုက်ခိုက်မှုခံခဲ့ရပြီး မီးလောင်မှုဖြစ်ပွါးခဲ့ကြောင်း၊ ကယ်ဆယ်ရေးသမား များက ဤနေရာသို့သွားရောက်ကယ်ဆယ်နေကြောင်း ယူကရိန်းပြည်ထဲရေး ဝန်ကြီး၏ အကြံပေး ကရာစ်ချင်ကိုက ထိုနေ့တွင် ဆိုရှယ်မီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။ တိုက်ခိုက်မှု တွင် လူဒဏ်ရာရရှိမှုရှိကြောင်း ယူကရိန်းအရေးပေါ်အခြေအနေဦးစီးဌာနသည် ၂၆ ရက်နေ့ က ဆိုရှယ်မီဒီယာတွင် အတည်ပြုခဲ့ပါသည်။

ထို့အပြင် သက်ဆိုင်ရာသတင်းအရ ၂၆ ရက်နေ့တွင် ဒုံးကျည်စုစုပေါင်း ၁၄ စင်းဖြင့် ကိဗ်မြို့ကို တိုက်ခိုက်ခဲ့ကြောင်း သိရပါသည်။