အမိနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခြင်းကို ဂုဏ်ပြုသည့်အနေဖြင့် ဟောင်ကောင် အလွှာ ပေါင်းစုံတို့ ပုံစံအမျိုးမျိုးဖြင့် ဒေသခံပြည်သူများနှင့် လှုပ်ရှားမှုများ ကျင်းပ

(GMT+08:00)2022-06-28 13:36:21  

အမိနိုင်ငံသို့ ပြန်လည်ရောက်ရှိသည့် ၂၅ နှစ်ပြည့်ကို ဂုဏ်ပြုသည့်အနေဖြင့် ယခုရက်များတွင် ဟောင်ကောင်အလွှာပေါင်းစုံတို့သည် လှုပ်ရှားမှုများကို ကျင်းပခဲ့ကြ သည်။ အမိနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခြင်းကို ဂုဏ်ပြုရန်အတွက် ထူးခြားချက်ပါရှိသည့် tick off နေရာများ၊ LEDမီးအလှပြ လှုပ်ရှားမှုများ၊ ကောင်းချီးပေး ဆောင်ပုဒ်များ၊ နိုင်ငံတော်အလံနှင့် အထူးအုပ်ချုပ်ရေးဒေသအလံ စသည်တို့ကို ဟောင်ကောင်နေရာအနှံ့ တွင် တွေ့မြင်နိုင်ပြီး၊  ဟောင်ကောင်သူဟောင်ကောင်သားများအား ပွဲတော်အငွေ့ အသက်ကိုခံစားစေပြီး အမိနိုင်ငံသို့ ပြန်ရောက်သော ပျော်ရွှင်မှုများကို မျှဝေခံစားစေခဲ့ သည်ဟု China Media Group မှ သတင်းအရ သိရသည်။