အမေရိကန်ရဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ အခြေခံအဆောက်အအုံ မိတ်ဖက်ဆက်ဆံမှု စီမံကိန်း ဆိုတာ

(GMT+08:00)2022-06-28 10:02:18  

 ပြည်တွင်းအခြေခံ အဆောက်အအုံ ဆောက်လုပ်ရေးတွေ ကမောက်ကမ ဖြစ်နေတဲ့ အမေရိကန်က တစ်ကမ္ဘာလုံးဆိုင်ရာ အခြေခံအဆောက်အအုံ ဆောက်လုပ်ရေး စီမံကိန်းကို ဦးဆောင် ပြုလုပ်မယ်တဲ့။ အဲဒီလို အံ့သြစရာကိစ္စဟာ ဂျာမဏီမှာ ကျင်းပနေတဲ့ ဂျီ-၇ ထိပ်သီးအစည်းအဝေးမှာပဲ ဖြစ်ပွားခဲ့တယ်။

   ဒီလ ၂၆ ရက်နေ့က ဂျီ-၇ ထိပ်သီးအစည်းအဝေးမှာ အမေရိကန် သမ္မတ ဘိုင်ဒန်က တစ်ကမ္ဘာလုံးဆိုင်ရာ အခြေခံအဆောက်အအုံ မိတ်ဖက်ဆက်ဆံမှု စီမံကိန်း PGII ကို ကြေညာခဲ့ပြီး ဂျီ-၇ နိုင်ငံများနဲ့အတူ ၂၀၂၇ ခုနှစ်မတိုင်ခင် တစ်ကမ္ဘာလုံးဆိုင်ရာ အခြေခံအဆောက်အအုံ ဆောက်လုပ်ရေးအတွက် ငွေရင်း အမေရိကန်ဒေါ်လာ ဘီလီယံ ၆၀၀ ကို စုဆောင်းပေးမှာ ဖြစ်ပြီး ဒီထဲမှာ အမေရိကန်က ဒေါ်လာ ဘီလီယံ ၂၀၀ ကို စုဆောင်းပေးမယ်လို့ ဆိုခဲ့တယ်။

   ရည်ရွယ်ချက်ကို ပြောမယ် ဆိုရင် ဘိုင်ဒန်က တရုတ်ပြည်ကို ရည်ညွှန်းတာ ဖြစ်တယ်လို့ မပြောပေမဲ့ အမေရိကန် နိုင်ငံတော်လုံခြုံရေး အတိုင်ပင်ခံ စပ်လျစ်ဗန်က “အဲဒါဟာ တရုတ်လူမျိုးများ ထောက်ပံ့ပေးတဲ့ဥစ္စာကို အစားထိုးနိုင်ပြီး တခြားသော ရွေးချယ်စရာ တစ်ရပ် ဖြစ်နိုင်တယ်”လို့ ရှင်းရှင်းလင်းလင်း ပြောခဲ့ဖူးတယ်။ ကျွမ်းကျင်ပညာရှင် အများအပြားကလည်း PGII ဟာ တရုတ်နိုင်ငံ တင်ပြတဲ့ Belt and Road တည်ဆောက် မှုကို ရည်ညွှန်းတာ ဖြစ်တယ်လို့ ယူဆကြပါတယ်။

   ပြီးခဲ့တဲ့နှစ်က ဂျီ-၇ ထိပ်သီးအစည်းအဝေးမှာလည်း အမေရိကန်က B3W စီမံကိန်းကို တင်ပြခဲ့ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများရဲ့ အခြေခံ အဆောက်အအုံ ဆောက်လုပ်ရေးအတွက် ငွေရင်း ဒေါ်လာ ဘီလီယံ ၄ သောင်းကို ထုတ်ပေးမယ်လို့ ဆိုခဲ့တယ်။ အဲဒီစီမံကိန်းဟာ နိုင်ငံအသီးသီးတို့ရဲ့ အခြေခံ အဆောက်အအုံ ဆောက်လုပ်ရေးဆိုင်ရာ လိုအပ်ချက်ကို Belt and Road ထက် ပိုမိုကောင်းမွန်စွာ ဖြည့်ဆည်းနိုင်မယ်လို့လည်း ဘိုင်ဒန်က ဆိုခဲ့ဖူးတယ်။ ဒါပေမယ့် ယနေ့အထိ ငွေရင်းထုတ်ပေးမှု ဒေါ်လာ ၆ သန်းသာ ရှိတယ်လို့ သိရပါတယ်။

  B3W ဖြစ်ဖြစ် PGII ဖြစ်ဖြစ် အမေရိကန်နိုင်ငံရေးသမားတို့ရဲ့ အမှန်တကယ် ရည်ရွယ်ချက်ဟာ အခြေခံ အဆောက်အအုံ ဆောက်လုပ်ရေး အမည်နဲ့ Belt and Road ကို ဖျက်ဆီးဖို့၊ နိုင်ငံရေးအရ နေရာယူဖို့၊ အသိုင်းအဝိုင်းငယ်ကို ပြုပြီး “zero sum” ပြုလုပ်ဖို့ပဲ ဖြစ်တယ်လို့ China Media Group မှ သတင်းဆောင်းပါးတစ်ပုဒ်မှာ ရေးသား ဖေါ်ပြ ထားပါတယ်။