ကမ္ဘာလုံးဆိုင်ရာ အခြေခံအဆောက်အအုံတည်ဆောက်ရေးအတွက် တွန်းအားပေးသည့် အဆိုပြုချက်ကို တရုတ်ကြိုဆို

(GMT+08:00)2022-06-28 13:31:33  

    ဂျီ-၇ အုပ်စု တင်ပြထားသော အခြေခံအဆောက်အအုံတည်ဆောက်ရေး အဆိုပြုချက်နှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက တရုတ်ပြည်အနေနှင့် ကမ္ဘာလုံးဆိုင်ရာ အခြေခံ အဆောက်အအုံ တည်ဆောက်ရေးအတွက် တွန်းအားပေးသည့် အဆိုပြုချက်မှန်သမျှကို အမြဲတမ်း ကြိုဆိုကြောင်း၊ သက်ဆိုင်ရာ အဆိုပြုချက်များသည် တစ်ခုနှင့်တစ်ခု အစားထိုး နိုင်မည် မဟုတ်ကြောင်း၊ အခြေခံအဆောက်အအုံ တည်ဆောက်ခြင်းပုံစံဖြင့် ပထဝီ အနေအထား အရ နိုင်ငံရေးကြံစည်မှုများကို တွန်းအားပေးပြီး “Belt & Road” အဆိုပြုချက်ကို သရုပ်ပျက်စေသော အပြောအဆိုနှင့် လုပ်ရပ်များကို ကန့်ကွက်ကြောင်း ယမန်နေ့ ၂၇ ရက်နေ့က ကျင်းပခဲ့သော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။