ၾသစေၾတးလ်၊ နယူးဇီလန်၊ ဗြိတိန်နှင့် “အပြာရောင်ပစိဖိတ် မိတ်ဖက်ဆက်ဆံမှု”ထားရှိမည် ဟု ကန်ကြေညာ

(GMT+08:00)2022-06-28 13:30:57  

တောင်ပစိဖိတ်ဒေသတွင် ပူးပေါင်းဆောင်ရွက်မှု အစပျိုးမှုများသည် ကွင်းငယ်များ ဖွဲ့စည်းခြင်း သို့မဟုတ် စက်ဝိုင်းငယ်များဖန်တီးခြင်းမျိုး မဖြစ်သင့်သလို တတိယပါတီများ၏ အကျိုးစီးပွားကို ရည်ရွယ်ထားခြင်း သို့မဟုတ် ထိခိုက်နစ်နာစေခြင်း မပြုသင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ယမန်နေ့ ၂၇ ရက်နေ့က ကျင်းပခဲ့သော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

မကြာခင်က တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြာရေးဝန်ကြီးဝမ်ယိသည် တောင် ပစိဖိတ်ဒေသရှိ တရုတ်ပြည်နှင့် သံတမန်ဆက်ဆံမှုထားရှိသည့် ကျွန်းနိုင်ငံများသို့ သွားရောက် လည်ပတ်ခဲ့ခြင်းဖြင့် နှစ်ဖက်အကြား ဘက်စုံမဟာဗျူဟာမိတ်ဖက်ဆက်ဆံမှု အတွက် အားကောင်းသော တွန်းအားပေးမှုသစ်ကို ဖော်ဆောင်ပေးခဲ့ကြောင်း ကျောက်လိကျန်းက ဖော်ပြပါသည်။