ယူကရိန်းအား ယူရို ၂၈ ဘီလီယံ ထောက်ပံ့ကူညီရန် ဂျီ-၇ အုပ်စု ကတိပြု

(GMT+08:00)2022-06-28 10:01:03  

ယခုလ ၂၇ ရက်နေ့တွင် ဂျီ-၇ ထိပ်သီးအစည်းအဝေးသည် ကြေညာချက် ထုတ်ပြန်ပြီး ယူကရိန်းအား ယူရိုငွေ ၂၈ ဘီလီယံ ထောက်ပံ့ကူညီပေးပြီး ဘဏ္ဍာရေး၊ စစ်ရေး၊ သံတမန်ရေးနှင့် လူသားချင်းစာနာထောက်ထားရေး နယ်ပယ်များ၌ အသုံးပြုမည်ဟု ဖေါ်ပြခဲ့သည်။ ယင်းနေ့ နံနက်ပိုင်းတွင် ယူကရိန်း သမ္မတ Zelensky က ဗီဒီယို အသွင်ပုံစံဖြင့် ဂျီ-၇ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ပြီး ဂျီ-၇ အုပ်စုအား ယူကရိန်းကို တစ်ဆင့်တိုး ထောက်ပံ့ကူညီပေးရန် တောင်းဆိုခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

ယင်းကြေညာချက်တွင် ဂျီ-၇ အုပ်စုသည် သတ်မှတ်နယ်ပယ်များတွင် ရုရှားအား အရေးယူပိတ်ဆို့မှုကို ဆက်လက် ပြုလုပ်မည် ဖြစ်ကြောင်း၊ ရုရှားအား နိုင်ငံတကာ ဈေးကွက်အပြင်သို့ ဖယ်ရှားရန် နည်းလမ်းသစ်ကို ရှာကြံမည်ဖြစ်ပြီး ရုရှား၏ ရွှေတင်ပို့ ရောင်းချခြင်းဆိုင်ရာ ဝင်ငွေ အပါအဝင် ဝင်ငွေများကို လျော့နည်းစေပြီး ရုရှား၏ စွမ်းအင် အပေါ် မှီခိုမှုကို ဆက်လက် လျှော့ချမည် ဖြစ်ကြောင်း ဖေါ်ပြထားပါသည်။