ကိုလံဘီယာနိုင်ငံ အက်စပီနာမြို့တွင် နွားတိုက်ပွဲကြည့်သည့် ပွဲကြည့်စင် ပြိုကျမှုကြောင့် အရေးပေါ် အခြေအနေ ကြေညာ

(GMT+08:00)2022-06-27 15:19:51  

ဒေသစံတော်ချိန် ဇွန်လ ၂၆ ရက်နေ့တွင် ကိုလံဘီယာနိုင်ငံ တိုလီမာပြည်နယ် အက်စပီနာမြို့၌ နွားတိုက်ပွဲကျင်းပနေသည့်နေရာရှိ ပွဲကြည့်စင် ပြိုကျခဲ့သည်။ အဆိုပါ မတော်တဆမှုတွင် ကလေး ၁ ဦး အပါအဝင် လူ ၄ ဦးသေဆုံးခဲ့ပြီး လူတစ်ရာကျော် ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံအစိုးရက ပြောကြားခဲ့သည်။

ဒဏ်ရာရရှိသူအများအပြားကို အနီးနားမြို့များရှိ ဆေးရုံများသို့ ပို့ဆောင်ခဲ့ပြီး အက်စပီနာမြို့ကို အရေးပေါ်အခြေအနေရောက်ရှိကြောင်း တိုလီမာ ပြည်နယ်အစိုးရမှ ကြေညာခဲ့ပါသည်။