နေတိုးအဖွဲ့ဝင်နိုင်ငံအချို့၏ ရပ်တည်ချက်ကြောင့် နေတိုးအဖွဲ့တွင် ပါဝင်ရန် ယူကရိန်း၏ ကြိုးပမ်းဆောင်ရွက်မှုမှာ ပင်ပန်းရကျိုးမနပ်ဟု ယူကရိန်းအရာရှိ ဆို

(GMT+08:00)2022-06-27 15:36:03  

ယူကရိန်းသမ္မတရုံး ဒုတိယဥက္ကဋ္ဌ Igor Zhovkva သည် ဗြိတိန် Financial Times မှ သတင်းထောက်နှင့် တွေ့ဆုံရာတွင် ယူကရိန်းနိုင်ငံသည် နေတိုးအဖွဲ့ဝင်နိုင်ငံအချို့၏ ရပ်တည်ချက်ကို သိရှိသဖြင့် နေတိုးအဖွဲ့တွင် ပါဝင်ရန် ကြိုးပမ်းဆောင်ရွက်မှုမှာ ပင်ပန်း ရကျိုးမနပ်ဖြစ်သဖြင့် လက်ရှိအချိန်၌ ယူကရိန်းနိုင်ငံအနေဖြင့် နေတိုးအဖွဲ့တွင် ပါဝင်ရန် နည်းလမ်းရှာကြံဆောင်ရွက်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်ဟု ယူကရိန်းနိုင်ငံတော် သတင်းဌာနက ဇွန်လ ၂၆ ရက်နေ့က ရေးသားဖော်ပြခဲ့ပါသည်။

ယူကရိန်းနိုင်ငံသည် အချိန်တိုအတွင်းတွင် နေတိုးအဖွဲ့တွင် ပါဝင်မည်မဟုတ် သော်လည်း နေတိုးအဖွဲ့နှင့် ယူကရိန်းနိုင်ငံအကြား မိတ်ဖက်ဆက်ဆံမှုကို မကြာမီတွင် ကျင်းပမည့် နေတိုးထိပ်သီးအစည်းအဝေး၏ မဟာဗျူဟာမြောက်စာတမ်းသစ်တွင် ထည့်သွင်းရေးသားရန် မျှော်လင့်ကြောင်း သတင်းအရ သိရပါသည်။