ဂျာမဏီပြည်သူများသည် ဂျီ-၇ အုပ်စု ထိပ်သီးအစည်းအဝေး အပြင်ဘက်တွင် ကန့်ကွက်ရေး လှုပ်ရှားမှုကျင်းပ

(GMT+08:00)2022-06-27 15:28:06  

ဒေသစံတော်ချိန် ဇွန်လ ၂၆ ရက်နေ့က ဂျီ-၇ အုပ်စုထိပ်သီးအစည်းအဝေးကို ဂျာမဏီနိုင်ငံ ဂါမီရှ်-ပါတန်ကီရှိန်(Garmisch-Partenkirchen) ၌ စတင်ကျင်းပခဲ့ကြောင်း၊ ကန့်ကွက်သူ တစ်ထောင် နီးပါးတို့သည် အစည်းအဝေး အပြင်ဘက်တွင် ဆန္ဒပြပွဲကို ကျင်းပပြီး ဂျီ-၇ အုပ်စု ထိပ်သီးအစည်းအဝေးကို ဆန့်ကျင်ကြကြောင်း၊ ကန့်ကွက်သူများက “ဂျီ-၇ အုပ်စုကို ကန့်ကွက်” “ရာသီဥတုကို ကယ်တင်”ဆိုသည့် ကြွေးကြော်သံများကို အော်ပြီး ဂါမီရှ်-ပါတန်ကီရှိန်မြို့လည်ခေါင်ကို ဖြတ်ကျော်ခဲ့ကြကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

ကန့်ကွက်ရေးလှုပ်ရှားမှုစည်းရုံးရေးဘက်က ယခုအကြိမ်လှုပ်ရှားမှု၏ ဆောင်ပုဒ်မှာ ရာသီဥတုပြောင်းလဲမှုနှင့် ရုရှား-ယူကရိန်း အချင်းပွားမှု အရှိန်မြင့်လာမှု ဖြစ်ကြောင်း မိတ်ဆက်ခဲ့ပါသည်။

ဂျီ-၇ အုပ်စုထိပ်သီးအစည်းအဝေးကို ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကျင်းပ နေကြောင်း၊ ရုရှား-ယူကရိန်းအချင်းပွားမှု၊ ရာသီဥတုပြောင်းလဲမှု၊ စားနပ်ရိက္ခာ လုံခြုံမှု စသော အကြောင်းအရာများနှင့်ပတ်သက်၍ ဆွေးနွေးကြောင်း သတင်းရရှိပါသည်။