မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးနှင့်ဓာတုပစ္စည်း အများအပြားကို မီးရှို့ဖျက်ဆီး

(GMT+08:00)2022-06-27 15:20:49  

ဇွန်လ ၂၆ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ ဖြစ်သည်။ ထိုနေ့တွင်  မြန်မာနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဗဟိုကော်မတီသည် ရန်ကုန်၊ မန္တလေး၊ တောင်ကြီးနှင့် အခြားဒေသအသီးသီးတွင် မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးခြင်း လှုပ်ရှားမှုများကို ပြုလုပ်ခဲ့ပါသည်။

မြန်မာသတင်းဌာနမှ သတင်းအရ ထိုနေ့က ရန်ကုန်၊ မန္တလေး၊ တောင်ကြီး ၃ နေရာတွင် ဘိန်း ၂၆၅၀ ကီလိုဂရမ်ကျော်၊ ဘိန်းဖြူ ၁၉၄၀ ကီလိုဂရမ်ကျော်၊ အိုက်စ် ၂၃၆၀၀ ကီလိုဂရမ်ကျော် အပါအဝင် မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်း ၇၉ မျိုးတို့ကို ဖျက်ဆီးခဲ့ကြောင်း သိရပါသည်။