အမေရိကန် Pittsburgh မြို့တွင် ပစ်ခတ်မှု ဖြစ်ပွားပြီး လူတစ်ဦးသေဆုံးကာ တစ်ဦး ဒဏ်ရာရရှိ

(GMT+08:00)2022-06-27 15:49:51  

ဒေသစံတော်ချိန် ယခုလ ၂၅ ရက်နေ့ညက အမေရိကန် Pennsylvania ပြည်နယ် Pittsburgh မြို့တွင် ပစ်ခတ်မှုဖြစ်ပွားပြီး လူတစ်ဦးထက်မနည်းသေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၂၆ ရက်နေ့က Pittsburgh မြို့ ရဲဘက်က ထုတ်ဖော်ပြောကြားသည်။

၂၅ ရက်နေ့က Pittsburgh မြို့တွင် ပစ်ခတ်မှု အကြိမ်ပေါင်းများစွာ ဖြစ်ပွားပြီး ရဲတစ်ဦး အပါအဝင် စုစုပေါင်း လူ ၇ ဦး ပစ်ခတ်မှု ခံခဲ့ရကြောင်း သိရသည်။