ရှင်ကျိုး-၁၄ အာကာသယာဉ်မှူးများ ကျန်းမာရေး အခြေအနေကောင်းမွန်၊ နေထိုင်သည့်ပတ်ဝန်းကျင်ကို ထူထောင်မှုပြုလုပ်

(GMT+08:00)2022-06-27 15:26:06  

ရှင်ကျိုး-၁၄ အာကာသယာဉ်မှူးများသည် ဇွန်လ ၅ ရက်နေ့တွင် ထျန်းဟို အဓိက မော်ကျူးသို့ဝင်ရောက်ခဲ့ပြီးကတည်းက ၎င်းတို့သည် ပတ်လမ်းအတွင်း ရက်ပေါင်း ၂၀ ကျော်နေထိုင်ခဲ့ပြီး ပစ္စည်းများလွှဲပြောင်းခြင်းနှင့် စီစဉ်ခြင်း၊ နေထိုင်ရာ ပတ်ဝန်းကျင် ထူထောင်ခြင်း၊ အခန်းတွင်းရှိ စက်ကိရိယာများတပ်ဆင်ခြင်းတို့ကို ဆက်တိုက် လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။ လက်ရှိတွင် အာကာသယာဉ်မှူးများ ကျန်းမာရေး အခြေအနေ ကောင်းမွန်နေပါသည်။