ကမ္ဘာ့အင်တက်လစ်ဂျင်ညီလာခံတွင် အတောက်ပဆုံး အင်တက်လစ်ဂျင် နည်းပညာများကို ကြည့်ရှုလိုက်ပါ

(GMT+08:00)2022-06-27 15:24:30  

ဇွန်လ ၂၄ ရက်မှ ၂၅ ရက်အထိ ၆ ကြိမ်မြောက် ကမ္ဘာ့အင်တက်လစ်ဂျင်ညီလာခံကို တရုတ်နိုင်ငံမြောက်ပိုင်း ထျန်ကျင်းမြို့မှာ ကျင်းပခဲ့ပါတယ်။ ဒီတစ်ကြိမ် အင်တက်လစ်ဂျင် ညီလာခံကို အွန်လိုင်းဖြင့် ကျင်းပတာဖြစ်ပြီး AI၊ စမတ်ကုန်ထုတ်လုပ်ငန်း၊ ဒီဂျစ်တယ် စီးပွားရေး စတဲ့ခေတ်မီနယ်ပယ်တွေအတွက် အင်တက်လစ်ဂျင်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ဖို့ ပွင့်လင်း ဆန်းသစ်ပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းမြှင့်တင်တဲ့ ပလက်ဖောင်းအသစ်ကို တည်ဆောက်ထားပါတယ်။

၂၀၁၇ ခုနှစ် ဇွန်လ ၂၉ ရက်နေ့မှာ ထျန်ကျင်းမြို့မှာ ပထမဆုံးအကြိမ် ကမ္ဘာ့အင်တက်လစ်ဂျင်ညီလာခံကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။ အဆက်မပြတ် ကြိုးစားမှုများဖြင့် ကမ္ဘာ့အင်တက်လစ်ဂျင်ညီလာခံဟာ ယခုအခါ ထျန်ကျင်းမြို့ရဲ့ လိပ်စာကတ်ပြားတစ်ခု ဖြစ်လာ ခဲ့ပါတယ်။