ရုရှားသမ္မတပူတင်ကို ဂျီ-၂၀ ထိပ်သီးအစည်းအဝေးမှ မဖယ်ထုတ်စေလိုဟု ဥရောပသမဂ္ဂ ကော်မရှင်ဥက္ကဋ္ဌ ဆို

(GMT+08:00)2022-06-27 15:15:30  

ဒေသစံတော်ချိန်  ၂၆ ရက်နေ့က ဥရောပသမဂ္ဂ ကော်မရှင် ဥက္ကဋ္ဌ ဗွန်ဒယ်လီယန်က ရုရှားသမ္မတပူတင်ကို ယခုနှစ် နိုဝင်ဘာလတွင် အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပမည့် ဂျီ-၂၀ ထိပ်သီးအစည်းအဝေးမှ မဖယ်ထုတ်စေလိုကြောင်း ဂျာမဏီမီဒီယာများအား ပြောကြား ခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

ဗွန်ဒယ်လီယန်က ယူကရိန်းလိုအပ်ပါက ၄င်းအား ဆက်လက် ထောက်ပံ့ ကူညီ သင့်ကြောင်း ပြန်လည်အလေးထားပြောကြားပြီး ရုရှားနိုင်ငံအား ချမှတ်ထားသော ဒဏ်ခတ်အရေးယူမှုများသည် အကျိုးသက်ရောက်မှုရှိပြီး ရုရှားနိုင်ငံအား ဆိုးရွားစွာ ထိခိုက် နစ်နာစေခြင်းကြောင့် တိုတောင်းသော အချိန်ကာလအတွင်း ဥရောပသမဂ္ဂသည် ရုရှားနိုင်ငံအား ဒဏ်ခတ်အရေးယူမှု ထပ်မံချမှတ်မည် မဟုတ်ကြောင်းလည်း ပြောကြား သည်။