အမေရိကန်ပြည်နယ် ၂၂ ပြည်နယ်တွင် ကိုယ်ဝန်ဖျက်ချခြင်းကို ကန့်သတ် သို့မဟုတ် တားမြစ်မှု ပြုလုပ်နိုင်ဖွယ်ရာရှိ

(GMT+08:00)2022-06-27 15:29:50  

ဒေစံတော်ချိန် ဇွန်လ ၂၆ ရက်နေ့က အမေရိကန် The Hill သတင်းစာက ထုတ်ပြန်သည့် သတင်းအချက်အလက်အရ အမေရိကန်အမြင့်ဆုံးတရားရုံးက မဲပေးမှုဖြင့် Roe v. Wade မှုကို ဖြုတ်ချပြီးနောက် ပြည်နယ်များသည် ယင်းဆုံးဖြတ်ချက်အရ ပြည်နယ်တွင်းပေါ်လစီကိုချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်မည် ဖြစ်သည်။

Guttmacher အသင်း၏ သုံးသပ်ချက်အရ အမေရိကန်တစ်ပြည်လုံးတွင် ပြည်နယ် ၂၂ ပြည်နယ်က ကိုယ်ဝန်ဖျက်ချခြင်းကို တားမြစ် ကန့်သတ်နိုင်ဖွယ်ရာရှိပြီး ပြည်နယ် ၁၆ ပြည်နယ်နှင့် ဝါရှင်တန်ဒီစီသည် ကိုယ်ဝန်ဖျက်ချခွင့်ကို ကာကွယ်ရန် ဥပဒေ ပြဋ္ဌာန်းခဲ့ကြောင်းဖော်ပြသည်ဟု သတင်းအရ သိရပါသည်။