ယူကရိန်းကို ဆက်လက်ထောက်ပံ့ပေးမည်ဟု အမေရိကန်ဆို၊ ရုရှားက ယင်းလုပ်ရပ် သည် ပဋိပက္ခကို ပိုမိုဆိုးရွားစေသည်ဟု ဆို

(GMT+08:00)2022-06-26 14:34:28  

ရုရှား-ယူကရိန်းပဋိပက္ခ ဖြစ်ပွားပြီးနောက် အမေရိကန်သည် အခြေအနေပိုမိုဆိုးရွား လာစေရန် အဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။ ဒေသစံတော်ချိန် ဇွန်လ ၂၄ရက်နေ့ တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဘလင်ကင်က ယူကရိန်းလိုအပ်သမျှ အမေရိကန် သည် ယူကရိန်းနိုင်ငံအား စစ်ရေးထောက်ပံ့မှုများကို ဆက်လက်ပံ့ပိုးပေးမည်ဟု ပြောကြားခဲ့ပါသည်။ အမေရိကန်သည် ယူကရိန်းအား လက်နက်များကို ဆက်တိုက် ထောက်ပံ့ပေးနေပြီး ပဋိပက္ခကိုပိုမိုဆိုးရွားစေခြင်းကို ရုရှားက အကြိမ်ကြိမ် စွပ်စွဲပြောဆို ခဲ့ပါသည်။