ဝမ်ယိသည် အာဖဂန်ငလျင်ဘေးအန္တရာယ်အတွက် အာဖဂန်ယာယီအစိုးရ ယာယီနိုင်ငံခြားရေး ဝန်ကြီး မိုတာကီထံသို့ နှစ်သိမ့်ကြောင်းသဝဏ်လွှာ ပေးပို့

(GMT+08:00)2022-06-26 14:27:55  

တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် အာဖဂန်ငလျင် ဘေးအန္တရာယ်အတွက် အာဖဂန်ယာယီအစိုးရ ယာယီနိုင်ငံခြားရေးဝန်ကြီး မိုတာကီထံသို့ နှစ်သိမ့်ကြောင်းသဝဏ်လွှာကို ပေးပို့ခဲ့သည်။

ဝမ်ယိက အာဖဂန်ပြည်သူများသည် ဘေးအန္တရာယ်ကိုကျော်လွှားပြီး ပုံမှန် ကုန်ထုတ်လုပ်မှုနှင့်နေထိုင်မှုကို ဆောလျင်စွာ ပြန်လည်ရရှိနိုင်မည်ဟု ယုံကြည်ကြောင်း၊ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသည် အာဖဂန်၏ လိုအပ်ချက်များအရ အရေးပေါ် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပံ့ပိုးရန် အစွမ်းကုန်လုပ်ဆောင်လိုကြောင်း ဖေါ်ပြပါသည်။