ဘိုင်ဒင်က သေနတ် ဘေးကင်း လုံခြုံရေးဥပဒေကို လက်မှတ်ရေးထိုး

(GMT+08:00)2022-06-26 14:33:44  

ဒေသစံတော်ချိန် ဇွန်လ ၂၅ ရက်နေ့တွင် အမေရိကန်သမ္မတဘိုင်ဒင်သည် ပါတီ နှစ်ခု လူမှုရပ်ကွက် လုံခြုံရေးဥပဒေ (Bipartisan Safe Communities Act) ဟူသော သေနတ်ဘေးကင်း လုံခြုံရေးဥပဒေကို လက်မှတ်ရေးထိုးခဲ့ပြီး တရားဝင်ဥပဒေပြုခဲ့သည်။

အဆိုပါ ဥပဒေတွင် အသက် ၂၁ နှစ်အောက် သေနတ်ဝယ်ယူသူများ၏ နောက်ခံကို အားဖြည့် စစ်ဆေးရခြင်း၊ အလံနီဥပဒေများ(Red Flag Laws)အတွက် ရန်ပုံငွေ ပံ့ပိုးပေးခြင်း၊ တရားမဝင်သေနတ်ဝယ်ယူသူများကို တိုက်ဖျက်ခြင်း၊ အိမ်တွင်းအကြမ်းဖက်မှု ကျူးလွန်သူ များနှင့် အခြားလူမှုရပ်ကွက်အတွက် အန္တရာယ်ဖြစ်စေနိုင်သူများ၏ သေနတ်အသုံးပြုခွင့်ကို ကန့်သတ်ခြင်း စသည်တို့ ပါဝင်ပါသည်။