ဂျီ-၇ ထိပ်သီးအစည်းအဝေးကျင်းပတော့မည့်အချိန်တွင် ဂျာမဏီမြူးနစ်မြို့တွင် ဆန္ဒပြပွဲ ဖြစ်ပွား

(GMT+08:00)2022-06-26 14:32:49  

၂၀၂၂ ခုနှစ် ဂျီ-၇ ထိပ်သီးအစည်းအဝေးကို ဇွန်လ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ ဂျာမဏီနိုင်ငံ အယ်လ်မော်မြို့၌ ကျင်းပမည်ဖြစ်ပါသည်။ ဒေသစံတော်ချိန် ၂၅ ရက်နေ့က ထောင်နှင့်ချီသော ဒေသခံများက မြူးနစ်မြို့၌ စုစည်းပြီး ဆန္ဒပြပွဲကို ပြုလုပ်ခဲ့ကြပါသည်။

ထိုနေ့ မွန်းလွဲပိုင်းတွင် ဒေသခံပြည်သူများက “ဂျီ-၇ ကို ဆန့်ကျင်ရေး”၊ “ရာသီဥတု ကယ်တင်ကြ” အလံများကို ဝှေ့ယမ်းပြီး “စည်းလုံးညီညွတ်ပြီး ဂျီ-၇ အုပ်စုကို ကန့်ကွက်ကြ” ဆိုသည့် ကြွေးကြော်သံများကို ကြွေးကြော်ကာ မြူးနစ်မြို့လယ်ခေါင်၌ ဆန္ဒပြလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြသည်။ ဂျာမဏီရဲတပ်ဖွဲ့၏ ခန့်မှန်းချက်အရ ထိုနေ့တွင် လူထောင်ပေါင်းများစွာ ယင်း ဆန္ဒပြပွဲတွင် ပါဝင်ခဲ့ကြသည်ဟု သိရပါသည်။