အီရန် နျူကလီးယားဆိုင်ရာဆွေးနွေးပွဲကို ပြန်လည်ကျင်းပမည်ဟု အီရန်နှင့် ဥရောပသမဂ္ဂ ကြေညာ

(GMT+08:00)2022-06-26 14:30:11  

ယခုလ ၂၅ ရက်နေ့က ဥရောပသမဂ္ဂ နိုင်ငံခြားရေးနှင့် လုံခြုံရေးပေါ်လစီ အဆင့်မြင့်ကိုယ်စားလှယ် ဘိုရေလ်သည် အီရန်နိုင်ငံသို့ သွားရောက်ပြီး အီရန် နိုင်ငံခြားရေးဝန်ကြီး အက်ဘ်ဒူလာဟရန်နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာ နှစ်ဦးနှစ်ဖက်တို့က အီရန် နျူကလီးယားဆိုင်ရာ ဆွေးနွေးပွဲကို မကြာမီရက်များတွင် ပြန်လည်ကျင်းပတော့မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။