အာဖဂန်သို့ တရုတ်နိုင်ငံမှ ပထမအသုတ်ထောက်ပံ့ရေးပစ္စည်းများကို စင်းလုံးငှား လေယာဉ်ဖြင့် ၂၇ ရက်နေ့၌ ပို့ဆောင်ရန်စီစဉ်ထားသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

(GMT+08:00)2022-06-26 14:27:24  

မေး- အာဖဂန်ငလျင်အပြီးမှာ တရုတ်အစိုးရက အာဖဂန်ကို အရေးပေါ် လူသားချင်း စာနာထောက်ထားမှုအကူအညီတွေပေးမယ်လို့ ကတိပြုထားပြီး အာဖဂန် ငလျင်ဘေး ကယ်ဆယ်ရာမှာ ထောက်ပံ့ကူညီတဲ့ သက်ဆိုင်ရာအခြေအနေကို မိတ်ဆက်ပေးပါဦး။

ဖြေ- တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က အာဖဂန်မှာ ဇွန်လ ၂၂ ရက်နေ့မှာ လှုပ်ခတ်ခဲ့တဲ့ငလျင်ဟာ နှစ် ၂၀ ကျော်အတွင်း အဆိုးရွားဆုံး ငလျင်ဖြစ်ပါတယ်။ လူပေါင်း ၁၅၀၀ ထက်မနည်းသေဆုံးပြီး ၂၀၀၀ ကျော်ဒဏ်ရာရရှိကာ နေအိမ် ၃၀၀၀ ကျော် ပျက်စီး ခဲ့ပါတယ်။ သေကျေ ဒဏ်ရာရရှိသူဦးရေ တစ်ဆင့်တိုးမြင့်တက်နေဆဲဖြစ်ပါတယ်။ ငလျင်လှုပ်ခတ်ပြီးနောက် တရုတ် အစိုးရက အာဖဂန်ဒုက္ခသည်များအတွက် အရေးပေါ်လိုအပ်နေတဲ့ ရွက်ဖျင်တဲများ၊ စောင်များ၊ ခေါက်ခုတင်များအပါအဝင် အရေးပေါ်လူသားချင်းစာနာထောက်ထားမှုအကူအညီ ယွမ်သန်း ၅၀ ကို အာဖဂန် နိုင်ငံသို့ ပံ့ပိုးရန် ဆုံးဖြတ်ခဲ့တယ်။ နောက်တစ်ဆင့်မှာတော့ တရုတ်နိုင်ငံက အာဖဂန် ကြားဖြတ်အစိုးရနဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်ပြီး ဒုက္ခသည်တွေအတွက် ကယ်ဆယ်ရေး ပစ္စည်းတွေကို တတ်နိုင်သမျှအမြန်ဆုံးပို့ဆောင်ကာ လက်ရှိအခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ အာဖဂန် ပြည်သူ တွေကို ကူညီပေးမှာ ဖြစ်ပါတယ်။