Roe v. Wade စီရင်ချက်ကို တရားရုံးချုပ်က ပယ်ဖျက်ခြင်းအား ကန့်ကွက်ရန် ကန်နေရာ အများအပြားတွင် ဆန့်ကျင်ရေးဆန္ဒပြပွဲများ ပြုလုပ်

(GMT+08:00)2022-06-26 14:31:25  

ဇွန်လ ၂၄ ရက်နေ့က အမေရိကန် တရားရုံးချုပ်သည် Roe v. Wade စီရင်ချက်ကို ပယ်ဖျက်ရန် ဆုံးဖြတ်ခဲ့ပြီးနောက် ဝါရှင်တန်၊ လော့စ်အိန်ဂျလိစ်၊ ချီကာဂို၊ ဖီလာဒဲလ်ဖီးယား နှင့် နယူးယောက်မြို့ အပါအဝင် အမေရိကန်နေရာအများအပြားတွင် ဆန့်ကျင်ရေး ဆန္ဒပြပွဲ များကို ကျင်းပနေလျက်ရှိပြီး သီတင်းပတ်ကုန်တစ်ခုလုံးတွင် ဆန့်ကျင်ရေးလှုပ်ရှားမှု ဆက်လက် ဖြစ်ပွားမည်ဟု ခန့်မှန်းရကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

အမေရိကန်နိုင်ငံတစ်ဝန်းရှိ ဒေသအများအပြားတွင် ဆန့်ကျင်ရေးလှုပ်ရှားမှုပွဲ ၇၀ ထက်မနည်း ကျင်းပရန် စီစဉ်ထားကြောင်း၊ လော့စ်အိန်ဂျလိစ်မြို့နှင့် အခြားနေရာတွင် ဆန္ဒပြသူများက ရဲများနှင့် ပဋိပက္ခ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။