၂၀၂၂ ခုနှစ် အမေရိကန်၏ GDP တိုးတက်မှုခန့်မှန်းချက်ကို IMF လျှော့ချ

(GMT+08:00)2022-06-25 10:20:54  

ဒေသစံတော်ချိန် ဇွန်လ ၂၄ ရက်နေ့က ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့ (IMF)သည် ၂၀၂၂ ခုနှစ် အမေရိကန်၏ စီးပွားရေးတိုးတက်မှု ခန့်မှန်းချက်ကို လျှော့ချခဲ့ရာ ၂၀၂၂ ခုနှစ် GDP တိုးတက်မှု ခန့်မှန်းချက်ကို ဧပြီလပိုင်းက ၃့၇ ရာခိုင်နှုန်းမှ ၂့၉ ရာခိုင်နှုန်းအထိ လျှော့ချပြီး ၂၀၂၃ ခုနှစ် စီးပွားရေးတိုးတက်မှု ခန့်မှန်းချက်ကို ၂့၃ ရာခိုင်နှုန်းမှ ၁့၇ ရာခိုင်နှုန်းအထိ လျှော့ချကာ ၂၀၂၄ ခုနှစ် တိုးတက်မှု ခန့်မှန်းချက်ကို ၀့၈ ရာခိုင်နှုန်းအထိ လျှော့ချခဲ့ကြောင်း သတင်းအရ သိရပါသည်။

IMF ဒါရိုက်တာချုပ် ကရစ်တာလီးနား-ဂိုလ်ဂျီဗက ငွေကြေးဖောင်းပွမှု အရှိန်အဟုန်နှင့် မြင့်တက်လာပြီး အမေရိကန်Fed အတိုးနှုန်းများ မြှင့်တင်ခြင်းကြောင့် အမေရိကန် နိုင်ငံသည် စီးပွားရေးကျဆင်းမှု အန္တရာယ်  တိုးများလာကြောင်း၊ ငွေကြေးဖောင်းပွမှုကို ကိုင်တွယ်ဖြေရှင်းခြင်းသည် အမေရိကန်အစိုးရ၏ ထိပ်တန်းဦးစားပေးရမည့် တာဝန် ဖြစ်ကြောင်း ပြောကြားသည်။