အဆက်မပြတ် ဖွံ့ဖြိုးတိုးတက် မှသာ ပြည်သူများ၏ နေထိုင်မှုဘဝ ချမ်းမြေ့ရေး၊ ရပ်ရွာအေးချမ်းရေး အိပ်မက်ကို ဖေါ်ဆောင်နိုင်မည်ဟု ရှီကျင့်ဖိန် ဆို

(GMT+08:00)2022-06-25 08:54:55  

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ၂၄ ရက်နေ့ညက ဗီဒီယို အသွင်ပုံစံဖြင့် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး အဆင့်မြင့် ဆွေးနွေးပွဲကို ကြီးမှူး ကျင်းပပြီး မိန့်ခွန်း ပြောကြားခဲ့ပါသည်။ ရှီကျင့်ဖိန်သည် ၄င်းက မြေဝါကုန်းပြင်မြင့်၌ လယ်သမား လုပ်ခဲ့သည့် အကြောင်းနှင့် ခံစားချက်များကို ပြောကြားခဲ့သည်။

ရှီကျင့်ဖိန်က လွန်ခဲ့သည့်ရာစု ၆၀ ခုနှစ်များ နှောင်းပိုင်းအချိန်တွင် မိမိသည် တရုတ်ပြည် မြေဝါကုန်းပြင်မြင့်ဒေသမှ ရွာလေးတစ်ရွာတွင် လယ်သမား လုပ်ခဲ့ရာ အရပ်သူ အရပ်သားများ၏ လယ်ယာစိုက်ပျိုးရေးနှင့် စားဝတ်နေရေးဆိုင်ရာ ခက်ခဲမှုများကို မျက်မြင် ကိုယ်တွေ့ ခံစားခဲ့ရကာ ၄င်းတို့၏ သာယာသော နေထိုင်မှုဘဝ ရရှိရန် မျှော်လင့်ချက်ကို မိမိက စွဲစွဲမြဲမြဲ မှတ်ထားပါကြောင်း၊ နှစ်၅၀ ပြီးနောက် မိမိက ယင်းနေရာကို ပြန်ရောက်ခဲ့ချိန်တွင် ရွာသားများက ဝမ်းဝခါးလှ ဖြစ်ပြီး မျက်နှာပေါ်တွင် ချမ်းမြေ့သော အပြုံးရှိနေသည်ကို တွေ့မြင်ခဲ့ရကြောင်း၊ အရပ်သူအရပ်သားများက စားဝတ်နေရေး ဖူဖူလုံလုံ ရှိမှ ဂုဏ်သိက္ခာနှင့် ယဉ်ကျေးမှုအကြောင်းကို နားလည်သိရှိနိုင်သည်ဟု တရုတ် ရှေးခေတ် ပုဂ္ဂိုလ်က ပြောခဲ့ဖူးကြောင်း၊ လွန်ခဲ့သည့် နှစ်များတွင် မိမိသည် တရုတ်ပြည် မြို့ပြနှင့် ကျေးရွာ နေရာအနှံ့ကို သွားရောက်ခဲ့ပြီး နိုင်ငံများစွာကိုလည်း ခရီးလှည့်လည် ခဲ့ဖူးကြောင်း၊ အဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မှသာ ပြည်သူများ၏ နေထိုင်မှုဘဝ ချမ်းမြေ့ရေး၊ ရပ်ရွာအေးချမ်းရေး အိပ်မက်ကို ဖေါ်ဆောင် နိုင်မည်ဟု မိမိက နက်ရှိုင်းစွာ ခံစားမိပါကြောင်း ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။