ရွေးကောက်ပွဲဆိုင်ရာ စွဲဆိုထားသောအမှုအား နေပြည်တော်ရှိ ထောင်တွင်းတရားရုံး၌ ဆက်လက်စစ်ဆေး

(GMT+08:00)2022-06-25 10:19:53  

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့် တို့အား စွဲချက်တင်ခံထားရသော ရွေးကောက်ပွဲအမှုကို ဇွန်လ ၂၄ ရက်နေ့က နေပြည်တော် အချုပ်ထောင်တွင်း အထူးတရားရုံး၌ ဆက်လက် စစ်ဆေးခဲ့ကြောင်း၊ ယင်းသည် အဆိုပါအမှုကို နေပြည်တော်အချုပ်ထောင်တွင်း အထူးတရားရုံး၌ ပထမဆုံးအကြိမ် စစ်ဆေးခြင်းဖြစ်ကြောင်း သတင်းအရ သိရပါသည်။

ထိုနေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့သည် တရားခံအဖြစ် တရားရုံး၌ ထွက်ဆိုချက်ပေးပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ အရာရှိတစ်ဦးကိုလည်း ပြန်ခေါ်သက်သေအဖြစ် စစ်ဆေးခဲ့ကြောင်း၊ ယင်းအမှုကို ဇူလိုင်လ ၁ ရက်နေ့တွင် ပြန်လည်စစ်ဆေးမည်ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်သည် ထောင်စီမံခန့်ခွဲရေး ဌာန၏ ခွင့်ပြုချက်အရ ပုံမှန် ထောင်ဝင်စာပို့ခွင့်နှင့် ဆွေမျိုးတွေ့ဆုံခွင့်ရရှိကြောင်း သိရပါသည်။